စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့များပူးပေါင်း၍ (၉-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လမ်းမတော်မြို့နယ်အတွင်းရှိ Shwe Yadanar Myay Co.,Ltd, Grand Pharmceuticals Co., Ltd စသည့်ဆေးဝါးနှင့် ဆေးပစ္စည်းများရောင်းချသည့် ဆေးကုမ္ပဏီသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဆေးကုမ္ပဏီများသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူပြည်သူများအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများကိုဝယ်ယူသုံးဆွဲရာတွင် ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဆေးကုမ္ပဏီများအနေဖြင့် ဆေးဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးများသိုလှောင်ထားခြင်းရှိ/မရှိ၊ ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများကို နေ့စဉ်ပုံမှန်ထုတ်ပေးခြင်း/ ဖြန့်ဝေပေးခြင်း၊ ဆေးလက်ကျန်များစစ်ဆေးခြင်းနှင့် လုပ်ငန်းများဆက်လက်လုပ်ကိုင်ခြင်းရှိ/မရှိအခြေအနေတို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)