ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဠာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင်အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည်စီးဆင်းမှုများအပေါ် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်စဉ်အတွင်း ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ မီးရထားမှတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ရန်ကုန်ဘူတာကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးသို့ (၁၃-၂-၂၀၂၄) ရက်နေ့၊ နံနက် (၀၄:၀၀) နာရီအချိန်၌ မန္တလေးဘူတာကြီးမှထွက်ခွာလာခဲ့သည့် ရထားအမှတ်- 2DN (အစုန်) ကိုသွားရောက်စစ်ဆေးရာ အဆိုပါရထားမှာ ဘူတာကြီးသို့ ည (၁၀:၀၀) နာရီအချိန်တွင် ဆိုက်ကပ်ခဲ့ကြောင်း၊ ၎င်းနောက် ရထားတွဲပေါ်တွင်ပါလာသည့် ပါဆယ်ထုပ်များကို (၁၄-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဖွဲ့စုံရှေ့၌ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ တရားမဝင်ကုန်ပစ္စည်းများကို သယ်ဆောင်လာခြင်းမရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)