Main menu

သာကေတမြို့နယ်ရှိ ( 5Star ) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဌေး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန့်၊ သတ္ထုတွင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဆွေ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာထွန်း၊ အမှတ်(၃) ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှ ဒုတိယရဲမျူးနိုင်လင်းနှင့်   အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးအောင်နိုင်ဦးတို့ပါဝင်သောအဖွဲ့များသည် (၉-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်ရှိ ( 5Star ) ဆိပ်ကမ်း သို့သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ (5Star) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV, MCL 3 ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ပို့ဆောင်မည့် Aluminum Scrap UBC များကိုစစ်ဆေးခဲ့ရာ Aluminum Scrap UBC သည် ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်လိုင်စင်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်းရယူထားခြင်းဖြစ်ကြောင်းစိစစ်တွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့် အဆိုပါကုန်ပစ္စည်းများကို Multi Resources Co., Ltd နှင့် Water Front Co., Ltd တို့မှ တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)