Main menu

အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင် (စစ်ဆေးရေးမှူး)နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံး၏ညှိနှိုင်းချက်အရ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်နေ့၊ နံနက်ပိုင်းအချိန်၌ အုတ်တွင်းမြို့ပေါ်တွင်ရောင်းချနေသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ဆေးဝါးများအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

      ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော အစားအသောက်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် ခွင့်မပြုဓာတုဆေးများပါဝင်မှုရှိ/မရှိနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများရှိ/မရှိတို့ကိုလည်းကောင်း၊ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်သူသူဟန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးမှ ကျန်းမာရေးမှူး ဒေါ်သန္တာညွန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းထိန်း-၄ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်သော အဖွဲ့ဝင်များလည်းပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)