နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ (၁၄-၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ မင်းကွက်(၁) ရပ်ကွက်၊ (၁၇)လမ်း (အ-ထ-က) ကျောင်း၌ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်သူများအား စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် ဥပဒေအခန်း (၁၈) ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးစုစံကလည်း စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကိုဟောပြောခဲ့ရာ ၎င်းဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်သူ (၅၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)