Main menu

ဟင်္သာတမြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ၊ စားသုံးသူပြည်သူများ၊ သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စားအုန်းဆီများကို ဟင်္သာတမြို့ရှိ စိန်တောင်ဆီစက်နှင့် ငြိမ်းချမ်းရေးကုန်စုံဆိုင်တို့တွင် (၂.၂.၂၀၂၂) မှစ၍ ရောင်းချပေးလျက်ရှိရာ အဆိုပါ အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟင်္သာတမြို့နယ် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့က သွားရောက် ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါ စားအုန်းဆီများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မှာယူတင်သွင်းခဲ့သော စားအုန်း ဆီများဖြစ်ပြီး၊ (၁၇.၁.၂၀၂၂) မှစ၍ တစ်ပိဿာလျှင် ၄၃၁၅ ကျပ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ လက္ကားရောင်းချသူများသို့ ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ဧရာဝတီတိုင်းအတွက်ရရှိသော စာအုန်းဆီ ပေပါ ၁၅၀ ကို ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ)၏ အစီအစဉ်ဖြင့် ၊ တိုင်းအတွင်းရှိ ခရိုင်များသို့ခွဲဝေပေးခဲ့သော စားအုန်းဆီများဖြစ်ကာ ဟင်္သာတခရိုင် အတွက် ပိဿာ(၄၄ဝဝ)အား   တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့်  ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)