Main menu

တောင်ငူမြို့တွင် ပဲတောင့်ရှည်သီးနှင့် ဂေါ်ဖီနှင့် မရမ်းသီးဈေးကျ

Powered by Drupal

     တောင်ငူမြို့၊ ညောင်ပင်ဈေးသို့ အခြားဒေသများနှင့် အနီးအနားဝန်းကျင်ရှိမြို့များမှ ဒေသထွက်သီးနှံများကို လာရောက်ရောင်းချလျက်ရှိပါသည်။ ပဲတောင့်ရှည်သီးမှာ ယခင်ဇန်နဝါရီလတွင် (၇၅) တောင့်ပါတစ်စည်းလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိပေးရသော်လည်း ယခုဖေဖော်ဝါရီလတွင် (၇၅) တောင့်ပါတစ်စည်းလျှင် ၈၀၀ကျပ်၊ နှစ်စည်းယူလျှင် ၁၅၀၀ကျပ်အထိဈေးနှုန်း ကျဆင်းလာပါသည်။

      ဂေါ်ဖီမှာ ယခင်ဇန်နဝါရီလတွင် တစ်ပိဿာလျှင် ၉၀၀ကျပ်မှ ၁၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုဖေဖော်ဝါရီလတွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်အထိဈေးနှုန်းကျဆင်းလာပါသည်။ မရမ်းသီးမှာ ပေါ်ခါစအချိန်တွင် တစ်ပိဿာလျှင် ၃၀၀၀၀ကျပ်အထိရှိခဲ့ပါသည်။

      ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မရမ်းသီးများလှိုင်လှိုင်ပေါ်လာပြီဖြစ်သဖြင့် ထောင်းစားသည့်အရွယ် တစ်ဆယ်ကျပ်သားလျှင် ၁၀၀၀ကျပ်၊ တစ်ပိသာလျှင် ၉၀၀၀ကျပ်၊ အလုံးအကြီးမှာ တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်၊ တစ်ပိဿာလျှင် ၅၀၀၀ကျပ်အထိဈေးနှုန်းကျဆင်းလာကြောင်း၊ လာမည့်အပတ်တို့တွင်လည်း မရမ်းသီးဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)