Main menu

ကျွန်းလှမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးလှဌေးနှင့်ဝန်ထမ်းများ၊ မြိုနယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ ဆေးဝါးများနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) ပါ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း ဆွေးနွေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တရားမဝင်ဆေးဝါးများ၊ စံမညီဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများရှိ/မရှိနှင့် ဆေးဝါးသိုလှောင်ထားသည်မျာကိုစစ်ဆေးခဲ့ပြီး ကျွန်းလှမြို့နယ်တာဝန်ခံက ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရမည့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)