Main menu

အင်းစိန်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း (ဦးစီးမှူး) အပါ ဝန်ထမ်း(၄)ဦးတို့သည် (၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၅) နာရီအချိန်မှစ၍ အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ ပထမဦးစွာ ရွှေဗျိုင်းဖြူဆိုင်တွင် ဆိုင်မန်နေဂျာပါ (၂)ဦးပူးပေါင်းပါဝင်လျက် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ဆီထည့်ရန်ကားများလည်း တန်းစီမှုမရှိဘဲ ပုံမှန်အတိုင်း လာရောက်ဝယ်ယူခဲ့ပြီး ပုံး/ပေပါများကိုလည်းရောင်းချခြင်းမရှိကြောင်း၊ ဆီများ ရောင်းချရာတွင်လည်း စနစ်တကျဖြင့် ရောင်းချနေကြောင်း၊ ဆက်လက်၍ နံနက် (၁၁:၅၀) နာရီအချိန်တွင် Denko အောင်ဆန်းသို့လည်းကောင်း၊ နေ့လယ် (၁၂:၃၅) နာရီအချိန်တွင် 360 တညင်းကုန်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်သုံးဆီဆိုင်များအနေဖြင့် စက်သုံးဆီများပြတ်လပ်မှုနှင့် ကားများဆီထည့်ရန် တန်းစီမှုများရှိခဲ့လျှင် မိမိတို့ဌာနသို့အချိန်နှင့်တပြေးညီ ဆက်သွယ်ပေးရန် မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)