Main menu

ရာသီပေါ် ပုတတ်စာ (ပဒတ်စာ)

Powered by Drupal

     ပဒက်စာပင်များသည် အပွင့်ဖြူ၍ ဝတ်ဆံဝါပြီး‌ မြေတွင်ကပ်ပေါက်သည့် ဟင်းလျာပင်တစ်မျိုးဖြစ်ပါသည်။ ၎င်းမှာ တောတောင်များ၌ သဘာဝအလျောက်ပေါက်ရောက်၍ ဧပြီလတွင် တောင်ယာများမီးရှို့ပြီး မိုးများအနည်းငယ်ရွာသွန်းမှသာ လှိုင်လှိုင်ထွက်ရှိကြောင်း၊ ပဒက်စာပွင့်များကို လူအများနှစ်ချိုက်စွာစားသုံးသောကြောင့် ယခုကဲ့သို့သောအချိန်ရောက်လျှင် ဒေသနေ ပြည်သူအများစုသည် မိမိတို့ကျေးရွာအနီးရှိ တောတောင်များတွင် လိုက်လံခူးဆွတ်ရောင်းချလျက်ရှိပြီး ရာသီစာပဒက်စာများသည် ပေါ်ဦးပေါ်ဖျားပေါ်ချိန်ဖြစ်၍ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်းသိရသည်။

     ပုသိမ်မြို့ပေါ်တွင်လည်း ပေါ်ဦးပေါ်ဖျားပဒက်စာပင်များကို ဒေသနေပြည်သူအများ နှစ်ချိုက်စွာစားသုံးကြကြောင်း၊ ချဉ်ပေါင်ရွက်၊ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်နှင့် ဘူးသီး စသည့် သီးနှံများတွဲဖက်၍ အရည်သောက်ဟင်းရည်နှင့် အခြားအသားဟင်း၊ ငါးဟင်း၊ ပုစွန်ဟင်း စသည့်ဆီပြန်ဟင်းလေးတစ်ခွက်နှင့်ဆိုလျှင် ခေါင်းမဖော်နိုင်အောင် အလွန်ထမင်းမြိန်စေသည့်အပြင် ဆေးဖက်လည်းဝင်ပြီး လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ ပဒက်စာပွင့် (၂) ပွင့်ပါ (၁) စည်းလျှင် ကျပ် (၂၀၀) နှုန်းဖြင့်ရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိသဖြင့် ခူးဆွတ်ရောင်းချသူများမှာ ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)