Main menu

အိန္ဒိယပဲဈေးကွက်သတင်း ( ၁၃ -၃-၂၀၂၄) အပိတ်ဈေးကွက်တွင် မြန်မာ့မတ်ပဲဈေးနှုန်းမြင့်တက်ပြီး ပဲစင်းငုံနီဈေးနှုန်းကျဆင်း

Powered by Drupal

      မွန်ဘိုင်းဈေးကွက်ပိတ်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၇၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ် ၁၀၂၀၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၃ရက်နေ့၏ အဖွင့်ဈေးနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၅၀ရူပီးဈေးနှုန်းမြင့်တက်လာပြီး ပဲစင်းငုံနီမှာ ၁၀၀ရူပီးဈေးနှုန်းကျဆင်းနေကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

        မတ်လ  ၁၃ရက်နေ့တွင်  ဒေလီဈေးကွက်၌   မြန်မာ့မတ်ပဲ SQ ဈေးမှာ  ၁ကွမ်တယ် ၉၉၀၀ ရူပီး၊ မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၉၀၀၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁၀၆၂၅ရူပီးရှိကြောင်းသိရှိရသည်။

         ယနေ့ အိန္ဒိယ ဂျဝါနေရူးဆိပ်ကမ်းအရောက် မြန်မာ့ပဲများ၏ CNF တစ်တန်ဈေးမှာ အောက်ပါအတိုင်းဖြစ်သည်။ တစ်တန်အတွက် ဒေါ်လာပေါက်ဈေးဖြစ်သည်။ မတ်ပဲ FAQ -၁၀၃၀, ပဲစင်းငုံနီ -၁၃၀၀,  ပဲတီစိမ်း ပခုက္ကူ -၈၆၀ , ပဲတီစိမ်းရွှေဝါ- ၉၈၅ , ပဲတီစိမ်း အညာရွှေဝါ - ၇၉၅ ဈေးနှုန်းအသီးသီးရှိသည်။

       ယနေ့ မွန်ဘိုင်းဈေးကွက် Closing session of trade (CSOT) တွင် ဖြစ်ပေါ် နေသောဈေးနှုန်းသည် မတ်လ ၁၄ရက်နေ့၌ Opening session of trade ( OSOT) တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မတ်ပဲ (ရူပီး/ ကွမ်တယ်) မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာသော်လည်း ပဲစင်းငုံနီ (ရူပီး/ကွမ်တယ်)မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)