Main menu

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် မတ်လ(ဒုတိယ)ပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၁၅၀,၀၀၀ ကျပ်၊ ‌ရွှေဘို ပေါ်ဆန်း (ဟ)(တစ်အိတ်)လျှင် ၁၆,၀၀၀၀ ကျပ်၊ ဧရာမင်း(ဆန်) (သစ်) (တစ်အိတ်)လျှင် ၁၂၅,၀၀၀ ကျပ်၊ဧရာမင်း(ဆန်) (ဟ) (တစ်အိတ်)လျှင် ၁၅၀,၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)  (တစ်အိတ်)လျှင် ၈၅,၀၀၀ ကျပ်၊ ဧည့်မထ ဆန်(ဟ)  (တစ်အိတ်)လျှင် ၁၀၅,၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၃၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၆၀၀၀ ကျပ်၊ ဆား (တစ်ပိဿာ)လျှင် ၇၀၀ မှ ၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၁၅၀၀ မှ ၁၂၀၀၀ ကျပ်၊ ကြက်သွန်နီ(သစ်) (တစ်ပိဿာ) ၂၅၀၀ မှ ၂၈၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၁၅၅၀၀ မှ ၁၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၁၁၀၀၀ မှ ၁၂၀၀၀ ကျပ်၊ အာလူး (တစ်ပိဿာ) ၂၆၀၀ မှ ၂၈၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၅၀၀ မှ ၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၁၀၀၀၀ မှ ၁၀၅၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၅၀၀ ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ၅၀၀ ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စီး) ၃၀၀ ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၉၀၀၀ မှ ၉၅၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၇၀၀၀ မှ ၁၇၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၅၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၁၉၀၀၀ မှ ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၉၅၀၀ မှ ၁၀၀၀၀ ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် ၁၀၀၀-၃၀၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

   ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အသား/ငါး နနွင်းတက်၊ ကြက်သွန်ဖြူ/နီ၊ ခရမ်းချဉ် ဈေးနှုန်းအနည်းငယ်အတက်အကျရှိနေပြီး  စားအုန်းဆီ ဈေးနှုန်းများရည်ညွှန်းဈေးပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း သိရှိရသည်။ 

DOCA(စစ်ကိုင်း)