Main menu

ပခုက္ကူမြို့ပေါ်ရှိ မတ်လ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ မတ်လ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စက်ပဲဆီသန့်မှာ အရည်အသွေးကိုလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၂၈၀၀ - ၁၃၅၀၀)ဖြစ်ပြီး၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၅၀၀ - ၉၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၈၀၀၀ - ၁၂၅၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၅၈၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခင်ဖေဖော်ဝါရီလ(ဒုတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ယခုမတ်လ (ဒုတိယပတ်) တွင် ဆီထွက်သီးနှံများ လှိုင်လှိုင်ပေါ်လျက်ရှိသော်လည်း မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားအုန်းဆီမှာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများသောကြောင့် လုပ်ငန်းရှင်များကလည်း မြေပဲဆံ၊ မြေပဲဆီများကို ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများထုတ်လုပ်တင်ပို့ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)