Main menu

ပခုက္ကူကုန်စည်ဒိုင်တွင်ဖြစ်ပေါ်နေသော အာလူးဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ အာလူးစိုက်ပျိုးရာနေရာဒေသများဖြစ်သော ကမ္မ၊ မြစ်ခြေ၊ ပေါက်နယ်များတွင် အာလူးကို တစ်ကွင်းတစ်စပ် ရေသွင်းစိုက်ပျိုးကြပါသည်။ အာလူးများကို တန်ဆောင်မုန်းလဆန်းတွင် စတင်စိုက်ပျိုးကြပြီး တပိုတွဲလကုန်နှင့် တပေါင်းလဆန်းတွင် တူးဖော်ကြပါသည်။ အဓိကစိုက်ပျိုးသော အာလူးမျိုးများမှာ တရုတ်ဖြူမျိုးများဖြစ်ကြပါသည်။  ပခုက္ကူကုန်စည်ဒိုင်တွင် ဒေသထွက်အာလူးများသာက ရှမ်းပြည်နယ်မှလည်း ဝင်ရောက်အရောက်အရောင်းအဝယ်ဖြစ်နေကြကြောင်း ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။

       အာလူးများမှာ အလုံးအရွယ်အစားနှင့် နေရာဒေသပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကမ္မ၊ မြစ်ခြေနှင့် ပေါက်နယ်များထွက်သောအာလူးလက်ကားဒိုင်ပြတ်ဈေးမှာ အလုံးကြီး ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ဖြစ်ပြီး ရှမ်းပြည်နယ်မှ လာသော အာလူးမှာ တစ်ပိဿာလျှင်  ကျပ်( ၂၀၀၀)ဈေးနှုန်းဖြစ်ကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။ မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင်  ရောင်းချနေသောလက်လီဈေးမှာ အလုံးကြီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ အလုံးအလတ်တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၇၀၀-၁၈၀၀) ဈေးနှုန်းတို့ဖြင့်ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)