Main menu

ပခုက္ကူမြို့၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ပခုက္ကူမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၅)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မတ်လ(ပထမပတ်)တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ကျပ်(၂၇၂၅)၊ 95 တစ်လီတာလျှင် ကျပ်(၂၈၃၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၈၀)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၅၂၅)ဖြင့်ရောင်းချခဲ့ပြီး မတ်လ(ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၂၇၈၀)၊ 95 တစ်လီတာလျှင် ကျပ်(၂၈၉၅)၊ ဒီဇယ်ရိုးရိုးတစ်လီတာလျှင် ကျပ်(၂၄၈၀)၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ကျပ်(၂၅၃၀) ဖြစ်၍  မတ်လ(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက (ဒုတိယပတ်)တွင် 92 တစ်လီတာလျှင် ကျပ်(၅၅)၊ 95 တစ်လီတာလျှင် ကျပ်(၆၀)၊ ပရီမီယမ်ဒီဇယ်ဈေးနှုန်းမှာ(၅) ကျပ်မြင့်တက်၍ ဒီဇယ်ရိုးရိုးမှာ ဈေးနှုန်းငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)