Main menu

မကွေးမြို့၊ ရန်ပယ်စျေးအတွင်း ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်ပယ်စျေးတွင် မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ဒဟတ်ကန်၊ ကန်ပြား၊ ကန်လှ၊ ထုံးပေါက်တော၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ အခြေခံစားသောက်ကုန်များ ရောင်းဝယ် ဖောက်ကားလျက် ရှိကြပါသည်။

     ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော ကုန် စျေးနှုန်းများမှာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၅၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၅၀၀-၃၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ် (၁၈၀၀၀-၂၀၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ ငြုပ်သီးခြောက် (၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ကြက်သား (CP) (၁)ပိဿာလျှင် ကျပ် (၁၂၀၀၀-၁၈၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ် (၁၁၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ် (၁၄၀၀၀-၁၈၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ် (၁၆၀၀၀-၂၀၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၂၀၀-၂၃၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၃၂၀၀-၃၅၀၀)စျေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၂၅၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၅၀၀)၊ ကြက်သား (CP) (၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၀၀)၊ ဘဲဥ(၁၀)လုံးလျှင်ကျပ်(၃၀၀-၅၀၀)စသည်ဖြင့် စျေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)