Main menu

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ယခုအချိန်၌ မိုးလေကင်းစင်၍ အဆောက်အဦများ ဆောက်လုပ်ကြသော အချိန်ဖြစ်သောကြောင့် မတ်လ(ဒုတိယပတ်)တွင် ဖေဖေါ် ဝါရီလ(စတုတ္ထပတ်)ထက် ဈေးတက်ပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အယ်လဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

    ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်လများသည် ပခုက္ကူဒေသထွက် အစေ့ထုတ်ပြောင်း၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ထောပတ်ပဲ၊ ဆောင်းပဲလွန်း၊ ပဲယင်း၊ စွန်တာနီ၊ စားတော်ပဲ၊ ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းနေကြာ၊ ပန်းနှမ်း၊ အာလူး စသော သီးနှံများ ရိတ်သိမ်းချိန်ဖြစ်သောကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းမှာ ယခင်လဈေးအတိုင်း တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။

    အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ အာမိုယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ ဩဘာ ယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၈၀၀၀၀)၊ တရုတ်တီစူပါသံကွင်း (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၂၂၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)kgပါ  တစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ အာမို ကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)ဖြင့် ဈေးနှုန်းတည်ငြိမ်နေသည်ကို တွေ့ရှိ ရပါသည်။

     သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် ပိုးမကျအောင် လုပ်ဆောင်ရသောကြောင့် ယခု မတ်လ (ဒုတိယပတ်)တွင် လည်း ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)ဈေးနှုန်းများအတိုင်း တည်ငြိမ်နေ သည်ကို တွေ့ရှိရပါသည်။ အာမိုမက်နီဖော့(500)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ အာမိုစတား (၁)လီတာ တစ်ဘူးလျှင် ကျပ်(၅၀၀၀၀)၊ အာမိုအီမာ(၁) လီတာဘူး တစ်ဘူးလျှင်ကျပ်(၄၁၀၀၀)၊ ဂျက်ကက် မင်းမဟော်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၀၅၀၀)၊ ဩဘာပို့စ်(၂၅၀)cc ဘူးတစ်ဘူးလျှင် ကျပ်(၁၁၅၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၂၂၅၀၀)၊ ဩဘာငှက်ကြီးတောင် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၇၈၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၄၂၅၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၃၄၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး (250)cc တစ်ဘူးလျှင် ကျပ်(၁၉၀၀၀) အသီးသီးရှိပြီး ပိုးသတ်ဆေးများ ပို၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ယခင်လနှင့်နှိုင်းယှဉ်လျှင် ယခု မတ်လ(ဒုတိယပတ်)တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများ တည်ငြိမ်နေသည်ကိုတွေ့ရှိရပြီး  အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)