Main menu

ကန့်ဘလူမြို့၏ မတ်လ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၄ခုနှစ်၊ မတ်လတတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀) လုံးပါ (၁)ကဒ်လျှင် (၁၈၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၃၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၁၀၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၃၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၄၀၀၀)ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၁၅၀၀)ကျပ်၊ Becozin (၁၀)လုံးပါ (၁)ကဒ်လျှင် (၄၅၀၀)ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၆၀၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၃၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          အိမ်သုံးဆေးဝါးဈေးနှုန်းများအား မတ်လဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၄၀၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ Baby Cough (၁)ဘူးလျှင် (၂၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါး ဈေးနှုန်းများမှာ  တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)