ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။
၂၀၂၄ခုနှစ်၊ မတ်လ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ ပန်းသီး(အိတ်စွပ်) (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ စပျစ် သီး(အလုံးဝိုင်း) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၁၅၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်းရိုးရိုး (၁)ဖီး လျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးအကြီး (၁)လုံးလျှင်(၆၀၀၀)ကျပ်၊ မက်မန်း သီး(၁)ပိဿာလျှင် (၄၅၀၀) ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဆန်းကစ်လိမ္မော်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ ပျားလိမ္မော်သီး(၁)ပိဿာလျှင် (၁၀၀၀၀) ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ် နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက် ဖီးကြမ်း ငှက်ပျောသီး (၁)ဖီးလျှင် (၅၀၀)ကျပ်၊ စပျစ်သီး (အလုံးဝိုင်း) (၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဈေး နှုန်းကျဆင်းပြီး ကျန်သစ်သီးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူ မြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)