Main menu

မော်လမြိုင်မြို့ရှိ ငါးဈေးနှုန်းအခြေအနေ

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ မတ်လတတိယပတ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငါးဒိုင်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိသော ငါးဈေးနှုန်းများမှာ ငါးတန်တစ်ပိဿာလျှင် ကျပ် ၃၈၀၀၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၃၃၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၄၅၀၀၊ ငါးကြင်းဖြူ(ဗိုက်ခွဲ) တစ်ပိဿာလျှင် ကျပ် ၁၂၅၀၀၊ ပါကူး တစ်ပိဿာလျှင် ကျပ် ၄၀၀၀၊ တီလားပီးယား တစ်ပိဿာလျှင် ကျပ် ၈၄၀၀၊ ပလာတူး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ပလာလန်း တစ်ပိဿာလျှင် ကျပ် ၅၆၀၀၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၃၄၀၀၊ ငါးနှပ် တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ငါးမုတ်မဲ တစ်ပိဿာလျှင် ကျပ် ၅၈၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၁၁၅၀၀၊ ငါးရွှေကြီး တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀၊ ငါးပျက် တစ်ပိဿာလျှင် ကျပ် ၅၀၀၀၊ ငါးပူတင်း တစ်ပိဿာလျှင် ကျပ်  ၅၂၀၀၊ ငါးပုဏ္ဏားထီး တစ်ပိဿာလျှင် ကျပ် ၈၅၀၀၊ ငါးပုဏ္ဏားဥ တစ်ပိဿာလျှင် ကျပ် ၁၆၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် ငါးဈေးနှုန်းများအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ငါးဒိုင်များမှ သိရှိရပါသည်။ 

DOCA(မွန်)