Main menu

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အဓိကကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြစေရန်ရည်ရွယ်၍ (၁၃-၃-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းများသည် ရေလယ်ကျွန်းကျေးရွာရှိ ပဲပူးကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် တားမြစ်ခြင်းများ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများရယူတောင်းဆိုနိုင်သည့် အခွင့်အရေး(၈)ချက်နှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်ကို ထုတ်လုပ်ရောင်းချရန်အတွက် ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရယူရန် စားသုံးသူရေးရာဦးစီးဌာနသို့ လျှောက်ထားနိုင်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)