Main menu

ပခုက္ကူမြို့၊ မြို့မစည်ပင်ဈေး၌ မတ်လ(ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေး၌ ၂၀၂၄ခုနှစ်၊ မတ်လ (ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်း (မြောင်းမြ)တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀-၁၅၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၈၅၀၀၀-၉၅၀၀၀)၊ ဆင်းသွယ်လေးတစ်အိတ်လျှင် ကျပ်(၇၆၀၀၀)၊ ရက်(၉၀)ရှယ်တစ်အိတ်လျှင် ကျပ် (၁၀၅၀၀၀)၊ ဖန်သီးရှယ်တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ ဧရာပဒေသာ(စလင်း)အသစ်တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဧရာပဒေသာ(စလင်း) အဟောင်းတစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀-၁၆၅၀၀၀)၊ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀-၁၅၀၀၀)၊ စက်ပဲဆီသန့်တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ နေကြာဆီတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၄၀၀-၂၈၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (အသစ်)တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀-၁၆၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ်(၈၃၀၀)၊ အာလူးတစ်ပိဿာလျှင်  ကျပ်(၂၂၀၀-၂၅၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၄၅၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၇၀၀)၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၈၀-၁၀၀)၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၂၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၅၀၀-၆၀၀)၊ ခရမ်းချိုသီးတစ်ပိဿာလျှင် ကျပ်(၆၀၀-၈၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ်(၇၀၀)၊ ကြက်သား (စီပီ) တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ကြက်သား (ဗမာ)တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ်(၂၅၀)၊ ဘဲဥတစ်လုံးလျှင် ကျပ်(၄၀၀)ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။

       ယခင်မတ်လ(ပထမပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၆၀၀)ခန့်၊ မန်ကျည်းသီးမှည့်(အစေ့လွတ်)တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့်၊ ခရမ်းချိုသီးတစ်ပိဿာလျှင် ကျပ်(၂၀၀)ခန့်ဈေးနှုန်း အသီးသီးမြင့်တက်ခဲ့ပြီး၊ ကြက်သွန်ဖြူ(အသစ်)တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ခန့်၊ ကုလားပဲခြမ်း (၁)ပြည်လျှင် ကျပ်(၂၀၀)ခန့်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ပခုက္ကူဒေသတွင်းရှိ ကျွန်းကျေးရွာများ၌ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းသွားကြောင်းနှင့် ၎င်းတို့ကို ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)