Main menu

ကြို့ပင်ကောက်မြို့ရှိ Gasifier တပ်ဆင်အသုံးပြု၍ လုပ်ငန်းလည်ပတ်နေသောဆန်စက်အား ကွင်းဆင်းဆောင်ရွက်ခြင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ဆန်စက်အကြီး (၂၇) စက်၊ ဆန်စက်အလတ် (၁၈) စက်ရှိပြီး ယခုအချိန်ထိ Gasifier တပ်ဆင်အသုံးပြုပြီး ဆန်စက် လုပ်ငန်းလည်ပတ်လျက်ရှိသော လုပ်ငန်းရှင် (၁၃)ဦးရှိကြောင်းသိရှိရပါသည်။

     (၁၃-၃-၂၀၂၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကြို့ပင်ကောက်မြို့၊ စိုင်ဂေါင်းအုပ်စု၊ စိုင်ဂေါင်းကျေးရွာရှိ စခန်းသာဆန်စက်မှ လုပ်ငန်းရှင် ဦးအောင်သွင်ဦး၏ ဆန်စက်မှ  Gasifier တပ်ဆင် အသုံးပြုပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေတို့ကိုသိရှိနိုင်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်တို့သည် သွားရောက်ကွင်းဆင်းခဲ့ကြပါသည်။

        လုပ်ငန်းရှင် ဦးအောင်သွင်ဦးသည် ၎င်းအနေဖြင့် ဆန်စက်လုပ်ငန်း၊ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်လာခဲ့သည်မှာ (၁၅) နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ သူ၏ဆန်စက်မှာ အဆင့်မြင့်ဆန်စက် တန် (၆၀) ကျစက်ဖြစ်ပြီး   အခြောက်ခံစက်လည်းရှိကာ ဒေသထွက်စပါးများကို ဝယ်ယူကြိတ်ခွဲအရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း၊ ယခု ၂၀၂၃ခုနှစ်တွင် မီတာခလည်းသက်သာ၊ အချိန်ကုန်လည်းသက်သာပြီး လုပ်ငန်းပိုမိုတွင်ကျယ်ရန်အတွက် ဂျပန်နိုင်ငံထုတ် RF/10 အင်ဂျင်၊ 400 KW အားရှိ ဒိုင်နမိုကိုအသုံးပြုကာ ကိုယ်ပိုင်ထရန်စဖော်မာ  315 KW လည်းတပ်ဆင်ပြီး အသုံးပြုလည်ပတ်လျက်ရှိကြောင်း၊ လုပ်သားအင်အား (၁၀) ဦးဖြင့် လုပ်ငန်းဆောင်ရွက်နေကြောင်း၊ ဌာနအနေဖြင့်လည်း ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖြစ်သော ဆန်/စပါး၊ ပဲဈေးနှုန်း၊ ဈေးကွက်တင်ပို့ဆောင်ရွက်နေသည့် အခြေအနေတို့ကိုလည်း မေးမြန်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)