Main menu

ကော့သောင်းမြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဖွင့်လှစ်သည့် သင်တန်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်း ဟောပြောပို့ချခြင်း

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည်  ၂၀၂၄ခုနှစ်၊ မတ်လ (၁၉)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကဖွင့်လှစ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာသင်တန်း၌ စားသုံးသူကာကွယ်ရေးသိကောင်းစရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည် စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ ဌာန၏မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission)၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောပို့ချခဲ့ပါသည်။

        ဆက်လက်၍ တက်ရောက်လာသည့် သင်တန်းသူများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဟောပြောဆွေးနွေးပို့ချမှုပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)