
၂၀၂၄ခုနှစ်၊ မတ်လ ၂၁ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရတနာဦးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းကိုထုတ်ပေးသည့် ယာဉ်မောင်း ဦးကျော်မြင့်၊ ယာဉ်အမှတ် 2G/4634 HINO မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော စားအုန်းဆီ ၁ပေပါလျှင် ပိဿာ ၁၁၀ပါသည့် စားအုန်းဆီ ၉၃ပေပါရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြပါသည်။ အဆိုပါ စားအုန်းဆီ ၉၃ပေပါအား ထားဝယ်မြို့တွင်း အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် ဆီဆိုင် ၁၄ဆိုင်အနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်ူအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)