Main menu

ရွှေတောင်မြို့၊ ကျေးရွာများတွင် ဖူးစားပြောင်းစိုက်ပျိုးထွက်ရှိ

Powered by Drupal

      ပြည်ခရိုင်၊ ရွှေတောင်မြို့၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် ဖူးစားပြောင်းများစိုက်ပျိုးထားရှိပါသည်။ စိုက်ပျိုးထားသောပြောင်းဖူးမျိုးများမှာ (9)တံဆိပ်မျိုးဖြစ်ပြီး ပြောင်းဖူးပင်ပေါင်း ၁၈၀၀ခန့်စိုက်ပျိုးထားရှိပါသည်။ ပြောင်းဖူးပင်ကို တပို့တွဲလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီးသည့်နောက် (၇၅)ရက်အကြာတွင် ပြောင်းဖူးများကို ခုတ်ယူရောင်းချကြောင်းသိရပါသည်။ ပြောင်းဖူးပင် ၁၈၀၀အတွက် ကုန်ကျစရိတ်မှာ ၃သိန်းကျပ်ကုန်ကျပြီး ပြောင်းဖူးများထွက်ပေါ်ချိန်တွင် အခင်းထဲအထိလာရောက်၍ အကြီး၊ အသေးသောင်းပြောင်းကို တစ်ဖူးလျှင် (၂၅၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ထိုမှတစ်ဆင့် ဈေးကွက်ထဲသို့ ပြန်လည်ရောင်းချရာတွင် လက်လီဈေးမှာ တစ်ဖူးလျှင် ၃၅၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပိုလျှံသောပြောင်းဖူးများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချသည့်အပြင် အခြားမြို့နယ်များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

      ထို့ကြောင့် ပြောင်ဖူးစိုက်ပျိုးသော တောင်သူများအနေဖြင့် အမြတ်အစွန်းများရရှိသကဲ့သို့ တစ်ဆင့်ခံရောင်းချသူများအနေဖြင့်လည်း အမြတ်အစွန်းများရရှိသဖြင့် ဖူးစားပြောင်းဖူးများကို စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)