Main menu

ရွှေတောင်ဒေသထွက် ဟော်လန်ပန်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲအုပ်စု၊ တည်ကုန်းကျေးရွာတွင် ဟော်လန်ပန်းများစိုက်ပျိုးထားရှိကြောင်းသိရပါသည်။ စိုက်ပျိုးထားသော ဟော်လန်ပန်းမျိုးများမှာ ပန်းရောင်မျိုးနှင့် အဖြူရောင်မျိုးများဖြစ်ပြီး ၎င်းကို တန်ဆောင်မုန်းလတွင်စတင်စိုက်ပျိုးကာ စိုက်ပျိုးပြီးသည့်နောက် (၃)လအကြာဖြစ်သော တပို့တွဲလတွင် စတင်ခူးဆွတ်ရပါသည်။ ဟော်လန်ပန်းကို တစ်ဧကစိုက်ပျိုးလျှင် မျိုးဥရေ (၂)တင်းဖြစ်ပြီး အပင်ရေ ၁၅၀၀၀ခန့်စိုက်ပျိုးနိုင်ပါသည်။ ပန်းပင်များကိုစတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ ကုန်ကျစရိတ်မှာ ကျပ်၁၀သိန်းခန့်ကုန်ကျကြောင်းသိရှိရပါသည်။ ပန်းများပွင့်ချိန်တွင် စတင်ခူးဆွတ်ရာ အပင်ရေ ၂၀၀မှ ၃၀၀အထိခူးဆွတ်ရပြီး ပန်းများလှိုင်လှိုင်ပေါ်ချိန်တွင် အပင်ရေ ၂၀၀၀ခန့်အထိခူးဆွတ်နိုင်ကြောင်း သိရပါသည်။ ပန်းများခူးဆွတ်ရာတွင် တစ်ရက်ခြားတစ်ခါခူးဆွတ်ရပြီး ခူးဆွတ်ချိန်မှာ တစ်လ (သို့) ၁၅ရက်ကြာမြင့်ပါသည်။ ဈေးနှုန်းများအနေဖြင့် ဟော်လန်ပန်းတစ်ပင်လျှင် (၁၀၀/၁၂၀)ကျပ်ဖြင့်ရောင်းချပြီး ရွှေတောင်ရှိ ပန်းဒိုင်များမှ အခင်းထဲအထိလာရောက်ဝယ်ယူကြပြီး ရန်ကုန်မြို့နှင့် ညောင်ခါးရှည်မြို့များသို့လည်း ပြန်လည်တင်ပို့ရောင်းချကြောင်း သိရပါသည်။ ဟော်လန်ပန်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် ပန်းများခူးဆွတ်ရောင်းချချိန်တွင် အကျိုးအမြတ်အနေဖြင့် ကျပ်၆သိန်းကျော်ခန့်ရရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ဟော်လန်ပန်းသည် ကုန်ကျစရိတ်လည်းမများသည့်အပြင် အကျိုးအမြတ်လည်း ထိုက်သင့်သလောက်ရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်ရန် ဧကများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသာတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)