Main menu

ကျောက်ဆည် ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား ဝိုင်းဝန်းကူညီဆောင်ရွက်မည်

Powered by Drupal

     ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရုံသာမက အခြားလူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သည့်စက်ရုံများတွင် ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့ကိုသိရှိရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၇-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူး၊ ဗဟိုစာရင်းအင်းဦးစီးဌာနအပါအဝင် ဒေသတွင်းအကြီးစားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သော စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်သည့်စက်ရုံများမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးမှုတွင်-

  • တိုင်းဒေသကြီးဦးစီးမှူးက လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေး၊ သွင်းကုန်အစားထိုးထုတ်လုပ်နိုင်စေရေး၊ ပို့ကုန်အမယ်သစ်များ ပေါ်ထွန်း လာစေရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေနှင့် ဒေသတွင်းအကြီးစားနှင့်အလတ် စားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် မိမိတို့၏အခက်အခဲများကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါရန် ဌာနအနေဖြင့် စက်မှုလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်၍ စက်ရုံများ ရပ်တန့်မှု မရှိစေရေးအတွက် အခက်အခဲများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ လိုအပ်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အထက်ဌာနများသို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
  • တွေ့ဆုံဆွေးနွေးပွဲတွင် စားသောက်ကုန်လုပ်ငန်းထုတ်လုပ်သည့် လုပ်ငန်းရှင်များမှ စားသောက်ကုန်လုပ်ငန်းအနေဖြင့် အဓိကသုံးစွဲရသည့် ကုန်ကြမ်းများမှာ ဂျုံ၊ စားသုံးဆီ၊ သကြားတို့ဖြစ်ပြီး ကုန်ကြမ်းပြတ်လပ်မှုမရှိပါ။ ဂျုံကို ရန်ကုန်တိုင်းဒေသကြီးမှ ဝယ်ယူအသုံးပြုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလည်ပတ်ရန်အတွက် စားသုံးဆီ လိုအပ်ချက်ရှိကြောင်း၊ ဘီစကစ်လုပ်ငန်းအနေဖြင့် မုန့်ထုတ်လုပ်ရာတွင်အသုံးပြုသော အမိုနီယမ်ဗိုက်ကာဗွန်နိတ် (Ammonium Bicarbonate) မုန့်ပွဆေးဝယ်ယူရာတွင်အခက်အခဲများရှိပြီး ယခင်က အဆိုပါမုန့်ပွဆေးဝယ်မရသဖြင့် စက်ရုံရပ်နားထားရပါသည်။
  • စားသောက်ကုန်လုပ်ငန်းတွင် အဓိကအသုံးပြုသည့် ပြည်တွင်းဂျုံမှုန့်နှင့် ပြောင်းဖူးမှုန့်တို့မှာ ပြတ်လပ်မှုမရှိသော်လည်း ပြည်ပဂျုံမှာ ပစ္စည်းပြတ်လပ်မှုရှိပါသည်။ ဂျုံစက် လုပ်ငန်းအနေဖြင့် ပြည်တွင်း/ပြည်ပမှဂျုံများကို ကြိတ်ခွဲထုတ်လုပ်ရာတွင် နိုင်ငံခြားကုန်ကြမ်းဝင်ရောက်မှုနည်းသည့်အတွက် ယခင်ကဲ့သို့ သိုလှောင်ထားနိုင်မှုမရှိသော်လည်း တပတ်စာလောက်သာ သိုလှောင်ထားရှိကြိတ်ခွဲထုတ်လုပ်နိုင်ပါသည်။
  • လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများအနေဖြင့် စက်သုံးဆီလိုအပ်ချက်၊ Serenade Chemical (ဆီရိုနိတ်) နှင့် Sodium Silicate ဆိုဒီယမ်ဆီလီကိတ် အမွှေးဆီ၊ Recycled Rain Boots လုပ်ငန်းအနေဖြင့် Boots နှင့်ပိုက်များထုတ်လုပ်ရာတွင် စက်အပူချိန်ထိန်းညှိရန်နှင့် Dop-PVC ပလတ်စတစ်ပျော့ဆေးများလိုအပ်မှုရှိပြီး၊ ပလတ်စတစ်ပျော့ဆေးကို ယခင်က ရန်ကုန်မြို့ရှိ First Myanmarမှ ဝယ်ယူရရှိသော်လည်း လက်ရှိအချိန်တွင် ဝယ်ယူရန်ခက်ခဲလျက်ရှိပါသည်။ အဆိုပါကုန်ကြမ်းလိုအပ်ချက်ကြောင့် လုပ်ငန်းအနေဖြင့် ပြည်တွင်းဝယ်လိုအားဈေးကွက်ရှိသော်လည်း လုပ်ငန်းရပ်နားထားရပါသည်။

       မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် စက်မှုလုပ်ငန်းသုံးထုတ်လုပ်သည့် စက်ရုံများ၏ တင်ပြဆွေးနွေးမှုများကိုအခြေခံ၍ စက်ရုံများလည်ပတ်ရန် အဓိကလိုအပ်ချက်မှာ စက်သုံးဆီဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနဖြစ်သည့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့်ညှိနှိုင်း၍ စက်မှုကုန်ကြမ်းသုံးစက်သုံးဆီ Own P.O ရောင်းချပေးသည့် စက်သုံးဆီအရောင်းဆိုင်များနှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

      အခြားလိုအပ်ချက်များဖြစ်သည့် မုန့်ပွဆေး၊ အမိုနီယမ်ဗိုက်ကာဗွန်နိတ်၊ ပြည်ပဂျုံကုန်ကြမ်းလိုအပ်ချက်၊ ဆိုဒီယမ်ဆီလီကိတ်အမွှေးဆီ၊ Dop PVC ပလတ်စတစ်ပျော့ဆေး စသည့်လိုအပ်သည့်စက်ရုံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များကို တင်ပြဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းထုတ် လုပ်သည့်စက်ရုံများ၌ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ပြည်တွင်း၌စားနပ်ရိက္ခာဖူလုံရုံသာမက အခြားလူသုံးကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းပြတ်လပ်မှုမရှိစေရေးအတွက် နိုင်ငံတော်၏ အလေးထားဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

DOCA(မန္တလေး)