Main menu

ကျိုက်ထိုမြို့နယ်စည်ပင်သာယာဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၂၀-၃-၂၀၂၄) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုက်ထိုမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။         

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချနေသောကုန်စည်များမှာ စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဌာနအနေဖြင့် ပြည်သူများ နေ့စဉ်စားသောက်အသုံးပြုနေသော ကုန်စည်များ၊ စားသောက်ကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   

DOCA(မွန်)