Main menu

မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်မုန့်လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၀-၃-၂၀၂၄) ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်မုန့်လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများနှင့် အသင်းအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေးကိုလည်းဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအဖွဲ့များအနေဖြင့်လည်း မိမိတို့အဖွဲ့ရေရှည်တည်တံ့အောင် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း၊ တစ်ဦးတစ်ယောက်ချင်းဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့ဖြင့်ဆောင်ရွက်ခြင်းမှာ ပိုမိုထိရောက်မှုရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲရှိပါက တင်ပြနိုင်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မွန်)