မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်ကြသော ရွာသစ်၊ ပျဉ်ထောင်၊ မြွေပွေး၊ မင်းတည်း၊ ကျောက်အိုင်ကျေးရွာ စသည့်ကျေးရွာများမှ ပျိုးပင်စိုက် ကြက်သွန်နီများ လှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကြက်သွန်နီ လက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀မှ၂၅၀၀)ထိရှိပြီး လက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးဖြင့် တစ်ပတ်လျှင်(၂၅)ပိဿာဝင်အိတ်ရေ (၂၀၀မှ၆၀၀)အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခုမတ်လ(တတိယပတ်)တွင် ကြက်သွန်နီလက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၁၀၀ မှ ၂၄၀၀)ဈေးဖြစ်ပြီး ကြက်သွန်နီလက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၅၀၀မှ၁၈၀၀) ဈေးဖြင့် ယခင်အပတ်ထက်လက်ကားဈေးနှုန်း ကျပ်(၃၀၀မှ၅၀၀)အနိမ့်ဈေးဖြင့် နေ့စဉ်အိတ်ရေ (၃၀၀ မှ ၉၀၀)ဝန်းကျင်ခန့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၊ မြန်အောင်မြို့၊ ထူးကြီးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း ကြက်သွန်နီဝယ်ရောင်းပြုလုပ်သူ သရက်မြို့ရှိ ဦးအောင်ဝင်းထံမှသိရပါသည်။
DOCA(မကွေး)