Main menu

ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် မတ်ပဲ၊ မြေပဲ၊ ပဲကြီး ဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာ စသည့်ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် မတ်ပဲသီးနှံမှာ ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၄၇၀၀၀)ဖြစ်ပြီး ယခုမတ်လ (တတိယပတ်)တွင် ကျပ်(၁၃၈၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၉၀၀၀)အကျဈေးဖြင့် တစ်နေ့လျှင်  အိတ်ရေ(၃၀မှ၅၀)ဝန်းကျင်ခန့်ဝင်‌ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    မြေပဲသီးနှံများလည်းလှိုင်လှိုင်ပေါ်ထွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)နှင့် (တတိယပတ်)တို့တွင် (၁)ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ်(၅၃၀၀မှ၅၅၀၀)ဈေးဖြင့် တစ်နေ့လျှင်ပိဿာ(၁၀၀ မှ ၂၀၀)အတွင်းသာ ဝင်‌ရောက်လျက်ရှိကြောင်း၊ အရောင်းအဝယ်မှာ အေးလျက်ရှိပါကြောင်း ပဲကြီးသီးနှံမှာ မတ်လ(ဒုတိယပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုမတ်လ(တတိယပတ်)တွင် (၃၀) ပိဿာဝင် တစ်အိတ်လျှင်ကျပ်(၁၃၈၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၁၂၀၀၀)အကျဈေး ဖြင့် နေ့စဉ်အိတ်ရေ(၅၀မှ၈၀)ဝန်းကျင်ခန့် ဝင်‌ရောက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သို့ နေ့စဉ်တင်ပို့ရောင်းချလျက်ရှိပါကြောင်း ကုန်သည်ကိုထိုက်သူအောင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)