Main menu

ကံမမြို့နယ် တောင်ချောင်းဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် မတ်ပဲ၊ ကုလားပဲ၊ပဲကြီး ဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တောင်ချောင်းဘက်ရှိ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကဒူးပြင်၊ စပယ်ခြုံ၊ ထန်းကောက်၊ ဒါန်းကိုင်း၊ သစ်မယ်ဇီ၊ ညောင်ကိုင်းစသည့် ကျေးရွာများမှ ထွက်ရှိသည့်သီးနှံများအနက် ၂၀၂၄ခုနှစ်၊  မတ်လ(တတိယပတ်)တွင် မတ်ပဲ(၃၀) ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၃၆၅၀၀) ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၉၀၀၀) အကျဈေးဖြင့် တစ်နေ့လျှင်အိတ်ရေ (၂၀မှ၃၀)ဝန်းကျင်ခန့် ဝင်‌ရောက်ကြောင်း၊ ကုလားပဲသီးနှံများလည်း ပေါ်ထွက် လျက်ရှိရာ ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ် (၁၂၉၀၀၀ မှ ၁၃၀၅၀၀)ဈေးဖြင့် ယခင်အပတ် ထက် ကျပ်(၁၃၅၀၀) အကျဈေးဖြင့်တစ်နေ့လျှင် အိတ် ရေ (၂၀မှ၃၀)ဝန်းကျင်ခန့် ဝင်‌ရောက်ကြောင်း၊ ပဲကြီးသီးနှံများလည်းပေါ်ထွက်လျက်ရှိရာ မတ်လ (တတိယပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)ဈေးဖြင့် ယခင်အပတ်ထက် ကျပ်(၁၅၀၀၀)အကျဈေးဖြင့် နေ့စဉ်အိတ်ရေ (၅၀မှ၈၀) ဝန်းကျင်ခန့် ဝင်‌ရောက် လျက်ရှိကြောင်း ပဲခူးတိုင်း၊ ပြည်မြို့သို့ နေ့စဉ်တင်ပို့ရောင်းချရပါကြောင်း  ကံမမြို့ပေါ်ရှိ ကုန်သည် ဦးတင်မျိုးလှိုင်ထံမှ သိရပါသည်။

DOCA(မကွေး)