Main menu

ဆိပ်ဖြူကြက်သွန်နီ မတ်လ(တတိယပတ်)ဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင် ကြက်သွန်နီဈေးကွက်သို့ မတ်လ (တတိယပတ်)တွင် နွေကြက်သွန်နီ(ပင်စိုက်)အသစ်များ လှိုင်လှိုင်တူးဖော်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန်(၈)သောင်းမှ (၁)သိန်းခွဲအထိ ဝင်ရောက်ပြီး ဒေသတွင်းကြက်သွန်နီ အများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့ပေါ်ရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်များနှင့် ကိုးတောင့်အုပ်နှင့် ကံတွင်း၊ လိပ်ခြံ၊ ဆင်နီတောင်၊ ဒေါသာ၊ ရွာသစ်ကြီး၊ ကံတွင်းရွာများနှင့် ပခုက္ကူမြို့ နယ်အတွင်းရှိ ကျေးရွာများမှ  အများဆုံးဝင်ရောက်မှုရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၇)သိန်းခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

     ကြက်သွန်နီဈေးကွက်အနေဖြင့် မတ်လ(တတိယပတ်)တွင် ဈေးအနည်းငယ် ဆက်လက် ကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေကြက်သွန်နီ(ပင်စိုက်)(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး (ထိပ်စရှယ်) ကျပ်(၂၁၅၀)၊ အလတ်စ ကျပ်(၁၉၀၀)၊ အသေးစ ကျပ်(၁၆၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မတ်လ(ဒုတိယပတ်)တွင် ထိပ်စအမြင့်ဈေး ကျပ်(၂၂၅၀)၊ အလတ်စ ကျပ်(၂၁၅၀)၊ အသေးစ ကျပ်(၁၆၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ယခင်မတ်လ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခုမတ်လ(တတိယပတ်)တွင် အမြင့်ဈေး(ထိပ်စ) ကျပ်(၁၀၀)၊ အလတ်စ ကျပ်(၂၅၀)၊ အသေးစ ကျပ်(၅၀) အသီးသီးဈေးနှုန်း ကျဆင်းသွားကြောင်း၊ ဈေးအနည်းငယ်ကျဆင်းရခြင်းမှာ ကြက်သွန်နီဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများခြင်းနှင့် ပြည်ပဝယ်လိုအား ဈေးကွက်နည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။

      ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို မတ်လ(တတိယပတ်)တွင် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ မော်တော်ယာဉ်(၂၉)စီး၊ မြဝတီမြို့သို့ တွဲကား(၂၃)စီး၊ ပြည်မြို့သို့ (၆)ဘီး (၅)စီး၊ ပုသိမ်မြို့သို့  (၆)ဘီး (၄)စီး စုစုပေါင်းကုန်ချိန်ပိဿာ(၇)သိန်းခန့်၊ တန်ချိန်အားဖြင့် တန်(၁၁၄၃)ခန့် မော် တော်ယာဉ်များဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)