Main menu

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများတည်ငြိမ်နေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ ရေလမ်းကြောင်းမှ အများဆုံး ဝင်ရောက်ပြီး  ရွှေဘိုခရိုင်၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

     ယခုအချိန်တွင် ပခုက္ကူဒေသ၌ ဆန်အသစ်များ ဝင်ရောက်လျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဖေဖေါ် ဝါရီလ(စတုတ္ထပတ်)၌ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများသည် ယခုမတ်လ(ဒုတိယပတ်)ထိ ဈေးငြိမ်နေ သည်ကို တွေ့ရှိရပါသည်။ အများသုံးဆန်ဖြစ်သော မြောင်းမြ ဧရာပဒေသာ ဆန်ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာဆန် (အသစ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀) ရှိပါသည်။ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ် လျှင် ကျပ်(၁၁၀၀၀၀)၊ မနောဖြူ(အသစ်)တစ်အိတ်လျှင် ကျပ်(၁၁၂၀၀၀)၊ နေလဆန် တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဝန်ကြီးပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧရာမင်း ဆန်(ရှယ်) တစ်အိတ်လျှင် ကျပ်(၁၁၂၀၀၀)၊ မနောသုခ(အသစ်)တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ချန်သုခ (အသစ်) တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ နေလဧရာပဒေသာဆန်(ရှယ်) တစ်အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ နေလ/၂၂တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ မိုးဇလပ်(နွေဆန်အသစ်) တစ်အိတ်လျှင် ကျပ် (၇၅၀၀၀)၊ နွေဇလပ်(အသစ်) တစ်အိတ်လျှင် ကျပ်(၇၂၀၀၀)၊ ဇီယာဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ပွင့်ဖြူသစ်(မနောဖြူအသစ်)တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ အောင်သုခ(အသစ်) ကျပ်(၉၅၀၀၀)ဈေးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကောက်ညှင်းဆန်(အသစ်) တစ် အိတ်လျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဈေးတည်ငြိမ်နေကြောင်း  သိရှိရပါသည်။ ဧရာဝတီဘက်မှ ဝင် ရောက်လာသော ဆန်များမှာ အရည်အသွေးအနည်းငယ်နိမ့်သော်လည်း ပြည်သူများစားသုံးနိုင်သော ဈေးနှုန်းရှိသောကြောင့် အရောင်းအဝယ်ပိုဖြစ်ကြောင်း သိရှိရပါသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသောဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက် သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေး ကောင်းမွန်ပြီး ယခုမတ်လ(ဒုတိယပတ်)တွင် (ရှယ်)တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀-၁၆၅၀၀၀)၊ ရွှေထိုက်(ပေါ်ဆန်းအသစ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ တိုးတိုးနွယ်တစ်အိတ်လျှင် ကျပ် (၁၆၅၀၀၀)၊ မြောင်းမြပေါ်ဆန်းမှာတစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည် ။

DOCA(မကွေး)