Main menu

၂၀၂၄ခုနှစ်၊ မတ်လ စတုတ္ထပတ်၌ ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

       စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၅၀)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၃၁၈၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၇၂၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၇၇၅)ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ မတ်လ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၃၁၃၀)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၃၂၄၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် ကျပ်(၂၇၂၅)၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် ကျပ်(၂၇၇၅)ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၈၀)၊ ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၆၀)ဖြင့် ယခင်အပတ်ထက် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိပြီး ဒီဇယ်(ရိုးရိုး)နှင့် ဒီဇယ် (ပရီမီယမ်)တို့မှာမူ ယခင်အပတ်အတိုင်း တည်ငြိမ်လျက်ရှိကြောင်း သိရှိပါသည်။

     ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့် မတ်လ စတုတ္ထပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ဓာတ်ဆီ (95) တစ်လီတာလျှင် ကျပ်(၁၅) မြင့်တက်လျက်ရှိပြီး၊ ဓာတ်ဆီ (92) တစ်လီတာလျှင် ကျပ်(၃၀)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၁၄၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၁၄၅) ယခင်ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့် ယခုမတ်လ စတုတ္ထပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ယခင်ဖေဖော်ဝါရီလ စတုတ္ထပတ်ထက် စက်သုံးဆီဈေးနှုန်းများမှာ ဆက်လက်ကျဆင်းလျက်ရှိကြောင်း  ကျွန်းလှမြို့စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)