Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် ပြောင်းဖူးစေ့(CP)များ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     ပြောင်းဖူးစေ့(CP)များကို ပခုက္ကူရေဝင်ကျွန်းနယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ညောင်ဦးခရိုင်အတွင်းရှိ  နယ်များတွင် တစ်ကွင်းတစ်စပ်စိုက်ပျိုးကြပါသည်။ ဧရာဝတီတံတား တောင်ဘက်ရှိရွာများတွင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပြောင်းဖူးစေ့ (CP)များကို လူတို့ စားသုံးရန်အတွက်သာမက တိရိစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြပြီး တရုတ်နိုင်ငံသို့လည်း တင်ပို့ရကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ မတ်လ(တတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

      ပြောင်းဖူးစေ့(CP)များကို ဈေးနှုန်းဈေးကွက်အနေဖြင့် မတ်လ(ပထမပတ်)မှစ၍ (၁)တင်း လျှင် ကျပ်(၁၆၃၀၀)၊ မတ်လ(ဒုတိယပတ်)တွင်  (၁)တင်းလျှင် ကျပ်(၁၅၈၀၀)၊ မတ်လ (တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၆၂၀၀)ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် မတ်လ(ဒုတိယပတ်)နှင့် မတ်လ(တတိယပတ်)နှိုင်းယှဉ်ပါက (၁)တင်းလျှင် ကျပ်(၄၀၀)ခန့် မြင့်တက်နေပြီး၊ ပြောင်းဖူးစေ့ (CP)များကို နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀)အထိ အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)