Main menu

တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၃)ရှိ EUROSOFT ဖိနပ်လုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာ၌ အခက်အခဲများမရှိစေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည်  (၁၂-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၃)ရှိ EUROSOFT ဖိနပ်လုပ်ငန်း၏ လုပ်ငန်းအမျိုးအစား၊ ထုတ်လုပ်သည့်ပမာဏ၊ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ လုပ်သားဦးရေ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊  ကြုံတွေ့နေရသည့်အခက်အခဲတို့ကိုမေမြန်းခဲ့ရာ ကုန်ကြမ်းလက်ကျန်နည်းနေကြောင်းနှင့် ပြည်းတွင်း၌သာဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်းသိရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း အသိပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)