Main menu

“ပြင်ဦးလွင်မြို့နယ် ဆွယ်တာအင်္ကျီထုတ်လုပ်မှုအခြေအနေ”

Powered by Drupal

    ပြင်ဦးလွင်မြို့နယ်သည် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး ခရီးသွားဧည့်သည်များအကြိုက် တွေ့သောအေးမြတဲ့ရာသီဥတုကို ပိုင်ဆိုင်တဲ့မြို့ဖြစ်ပြီး ရာသီဥတုနှင့်လိုက်လျောညီပြီး ခရီးသွား ပြည်တွင်း၊ပြည်ပဧည့်သည်များကို နွေးထွေးစေသည့် ဆွယ်တာအနွေးထည်လေးများကို ကိုယ်တိုင် ချည်ဆွဲစက်ကြီးများဖြင့်ထုတ်လုပ်၍ စျေးကွက်တင်ရောင်းချ၍ အလုပ်ရှင် ၊ ကုန်သည် နှင့် စက်ရုံပိုင် လုပ်ငန်းရှင်၊ အလုပ်သမားတို့အတွက် စီးပွားရေး အဆင်ပြေစေတာကို တွေ့ရှိရပါသည် ။ ပြင်ဦးလွင် မြို့နယ်တွင် ရပ်ကွက်ကြီး(၂၁)ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းတွင် ဆွယ်တာထုတ်လုပ်သည့်စက်ရုံများ ရှိကြပြီး ဆွယ်တာလုပ်ငန်းရှင်(၆၄)ဦးရှိပြီး လုပ်သားဦးရေ(၄၀၀)ဦးဖြင့် ပြင်ဦးလွင်မြို့နယ် ဆွယ်တာ ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းအစုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ပန်းချယ်ရီဆွယ်တာအသင်း အစုအဖွဲ့အမည်ဖြင့် ပြင်ဦးလွင်မြို့နယ်၊ သမဝါယမဦးစီးဌာနတွင် အသင်းမှတ်ပုံတင်ကာ ယခုလက်ရှိ အချိန်ထိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။၂၀၁၉ခုနှစ် ၊ ကိုဗစ်ကာလမဖြစ်မှီပြင်ဦးလွင်မြို့နယ်၏

     ဆွယ်တာထုတ်လုပ်နိုင်မှုပမာဏမှာ အထည်အရေအတွက် (၁)လလျှင်(၃၂၀၀၀)ထည်ထုတ်လုပ်နိုင် ခဲ့ပြီး ကုန်ကြမ်းချည်တစ်ပေါင်လျှင် (၆၀၀၀)ကျပ်စျေးနှုန်း ရှိခဲ့ပါသည် ။ ယခင်နှစ် ကုန်ကြမ်းချည် တစ်ပေါင်လျှင်(၉၀၀၀)ကျပ်စျေးနှုန်းရှိပြီး ယခုနှစ်ချည်စျေးမှာ တစ်ပေါင်လျှင်(၁၃၀၀၀)ကျပ်စျေးနှုန်း အထိရောက်နေကြောင်း သိရှိရပါသည်။ ပြင်ဦးလွင်မြို့နယ်ရှိ ဆွယ်တာလုပ်ငန်းရှင်များမှာ လက်ခစား နဝလီရက်လုပ်သူများဖြစ်ပြီး အထည်ဒီဇိုင်းအပေါ်မူတည်၍ အနိမ့်ဆုံးတစ်ထည်လျှင်(၉၀၀-၁၅၀၀) ကျပ်အထိ ရရှိကြပါသည်။ ယခုလက်ရှိ ဆွယ်တာဆိုင်များရောင်းစျေးမှာ ကလေးထည်တစ်ထည်လျှင် (၆၅၀၀-၁၀၀၀၀)ကျပ်ရှိပြီး လူကြီးထည်တစ်ထည်လျှင် (၁၂၀၀၀-၂၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)