Main menu

“ဆောင်းကြက်သွန်နီများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျက်ရှိ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊‌‌ ကျောက်ဆည်ခရိုင်တွင် ရေ၊မြေ၊ရာသီဥတုကောင်းမွန်ပြီး ဆည်ရေ သောက်ဒေသဖြစ်သောကြောင့် ရာသီမရွေးသီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ၄င်းသီးနှံများအနက် စားဖို ဆောင်သီးနှံဖြစ်သည့် ဆောင်းကြက်သွန်နီ သီးနှံကို အများဆုံး စိုက်ပျိုးကြပါသည် ။ ခရိုင်အတွင်း ဆောင်းကြက်သွန်နီ စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည် မြို့နယ်တွင်(၇၈၈၆)ဧက ၊ စဉ့်ကိုင်မြို့နယ် တွင်(၃၅၁၅)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၅၅၀၁)ဧက ၊ စုစုပေါင်း(၂၆၉၀၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုမတ်လတတိယပတ်အထိ ဆောင်းကြက်သွန်နီရိတ်ဧက(၁၄၁၅၅)ဧကရိတ်သိမ်းပြီးဖြစ်ကြောင်း ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည် ။ ဆောင်း ကြက်သွန်နီစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် (၁၈၀၀၀၀၀)ကျပ် ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၂၈၀၀-၂၉၀၀)ပိဿာ ထွက်ရှိကြောင်း ၊ ဆောင်းကြက်သွန်နီ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကြက်သွန်နီ အကြီး(၁)ပိဿာလျှင်(၂၂၀၀)ကျပ် ၊ အလတ်(၁)ပိဿာ လျှင်(၂၀၀၀)ကျပ်၊အသေး (၁)ပိဿာလျှင်(၁၈၀၀)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် ဂျွန် (၁)ပိဿာလျှင်(၂၃၀၀-၂၄၀၀)ကျပ်အထိ ရောင်းချရကြောင်း ၊ လက်လီစျေးအနေဖြင့် ကြက်သွန်နီအကြီး (၁)ပိဿာလျှင်(၃၇၀၀)ကျပ် ၊ အလတ်(၁)ပိဿာလျှင် (၃၆၀၀)ကျပ် ၊ အသေး(၁)ပိဿာလျှင် (၂၈၀၀)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ယခုနှစ်တွင် ကြက်သွန်နီစျေးများ ကောင်းမွန်သောကြောင့်(၁)ဧက အကျိုးအမြတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခများ နှုတ်ပြီးပါက (၆၀၀၀၀၀၀)ကျပ်ခန့်မြတ်ကြောင်း ၊ ကြက်သွန်နီစျေးနှုန်းများ အတက်အကျရှိသောကြောင့် မိမိတို့ကြက်သွန်ဖော်ချိန်တွင် စျေးကောင်းပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းပြီး စျေးနှုန်းအနည်းငယ်ကျဆင်းချိန်တွင် ရောင်းရသောတောင်သူများမှာလည်း အရှုံးမရှိ အမြတ်ကျန်ရှိကြောင်း ကြက်သွန်နီ စိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြာချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)