Main menu

“ပဲစဉ်းငုံ(မိုးဦး)အောင်မြင်စွာ ရိတ်သိမ်းပြီးစီး”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊‌‌ ကျောက်ဆည်ခရိုင်တွင် စပါး၊ပဲမျိုးစုံ၊နှမ်း၊ငရုတ်သီးနှံများစိုက်ပျိုးမှု များသော်လည်း ပဲမျိုးစုံများအနက် ပဲစဉ်းငုံသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၈၆၇)ဧက ၊ မြစ်သားမြို့နယ်တွင် (၆၈၅)ဧက၊ စုစုပေါင်း(၁၅၅၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဧကအားလုံးရိတ်သိမ်းပြီးစီးကြောင်း ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ  သိရှိရပါသည်။ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများ ရှိသလို နှမ်း၊ဝါ၊ပဲတီစိမ်းသီးနှံများထဲတွင် သီးညှပ်အဖြစ်လည်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်မျိုး များမှာ တဘက်လှဲမျိုး ၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို စိုက်ပျိုးကြကြောင်း၊ မိမိစိုက်ခင်မှမျိုးကို ချန်ပြီးစိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှ ဝယ်ယူ၍လည်း စိုက်ပျိုးကြပါသည် ။ (၁)ဧကကုန်ကျ စရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊လုပ်သားခ၊စုစုပေါင်း(၂၇၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းအထွက်နှုန်း အနေဖြင့်(၈-၁၀)တင်းခန့်ထွက်ရှိကြောင်း ၊ ယခင်နှစ် ပဲစဉ်းငုံစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၆၅၀၀၀)ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် ပဲစဉ်းငုံ တစ်တင်းလျှင်(၁၁၈၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၆၅၀၀၀၀-၇၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ရရှိကြောင်း ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)