Main menu

“အစောစိုက်နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊‌‌ကျောက်ဆည်ခရိုင်တွင် အစောစိုက်နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိပါသည်။နွေနှမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၆၅၉)ဧက ၊ မြစ်သား မြို့နယ်တွင်(၅၉၉)ဧက၊စုစုပေါင်း(၁၂၅၈)ဧက စိုက်ပျိုးပြီးစီးကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ နွေနှမ်းစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် မျိုး၊သွင်းအားစု၊လုပ်သားခစုစုပေါင်း(၃၅၀၀၀၀/-)ကျပ်ကုန်ကျကြောင်း၊ စိုက်ပျိုးသောနှမ်းမျိုးများမှာ နှမ်းညို ၊ နှမ်းဖြူ ၊ နှမ်းနက်မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပြီး ယခုအချိန်တွင် ရေပေးဝေမှု စောသောကြောင့် နွေနှမ်းများကို တောင်သူများက အစောစိုက်ပျိုးကြ‌ကြောင်း နှမ်းစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၀၃၀၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၈၃၀၀၀/-)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၉၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၃၅၀၀၀/-)ကျပ် ၊ နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀/-)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၁၀၅၀၀၀/-)ကျပ် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆီစျေးနှုန်းအနေဖြင့် နှမ်းဆီ တစ်ပိဿာလျှင် (၁၄၂၀၀/-)ကျပ် ၊ ပဲဆီ တစ်ပိဿာလျှင် (၁၃၇၀၀/-)ကျပ် ၊ စားဆီ တစ်ပိဿာလျှင်(၅၇၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်နေပြီး ယခင်နှစ် နွေနှမ်း အထွက်နှုန်း အနေဖြင့်(၁)ဧကလျှင်(၈) တင်းထွက်ရှိပြီး ယခုနှစ်တွင် ပုံမှန်ရေပေးဝေမှုနှင့်ရာသီဥတုကောင်းမွန်လျှင် အထွက်နှုန်းကောင်း မွန်မည်ဟုခန့်မှန်းရ‌ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)