Main menu

“ ကော့မှူးမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

Powered by Drupal

      မတ်လ တတိယပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင် (၃၈၀၀-၄၀၀၀)ကျပ်ထိ၊ မီးဒုံးဆန်(ရိုးရိုး) တစ်ပြည်လျှင်(၄၅၀၀-၄၆၀၀)ကျပ်ထိ၊ တောင်ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင်(၄၈၀၀-၅၀၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင် (၅၆၀၀-၅၈၀၀) ကျပ်ဖြင့်လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်ပတ်တွင် (၅၄၁၅)ကျပ်၊ ယခုပတ်တွင်(၅၄၅၀)ကျပ် ဈေးနှုန်း အနည်းငယ်မြင့်ပြီး၊ ပဲဆီတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ အသစ်ဆိုဒ်စုံ တစ်ပိဿာလျှင်(၃၀၀၀-၃၃၀၀)ကျပ်၊ ကြက်သွန်ဖြူ(အမွှာ)တစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြက်ကုတ်)တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ လျှင်(၃၅၀၀)ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင်(၅၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ငြုပ်တောင့်(အပု)တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင်(၆၆၀၀)ကျပ်၊ မန်ကျီးသီးမှည့် တစ်ပိဿာလျှင်(၃၀၀၀-၃၅၀၀)ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ ငံပြာရည်တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ ခေါက်ဆွဲ ခြောက်တစ်ထုပ်လျှင်(၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၅၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၀၀-၃၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

     အလားတူ ဗမာကြက်တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာ လျှင်(၁၀၀၀၀) ကျပ် ဝက်သားတစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ငါးမြစ် ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ် စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းအရောင်းအဝယ် ဖြစ်လျှက်ရှိ ကြောင်းသိရပါသည်။

        ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် စားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)