Main menu

ရတနာသီရိဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

    မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ မတ်လ (၁၃)ရက်နေ့မှ မတ်လ (၁၉) ရက်နေ့အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီ(ထုပ်) ကျပ် ၅၀၀ မှ  ၉၀၀၊ ဂေါ်ရခါးသီး(လုံး)ကျပ် ၁6၀ မှ  ၂၀၀၊ ခရမ်းချဉ်သီး (ပိဿာ) ကျပ် ၆၀၀ မှ  ၁၅၀၀၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၄၀၀ မှ ၈၀၀၊ ခရမ်းသီး(ပိဿာ) ကျပ် ၉၀၀ မှ  ၁၅၀၀၊ ခဝဲသီး(တောင့်) ကျပ် ၃၅၀ မှ  ၅၀၀၊ ဂျူးမြစ်(ပိဿာ) ကျပ် ၂၀၀၀ မှ ၃၀၀၀၊ ငရုတ်သီးစိမ်း (ပိဿာ) ကျပ် ၂၀၀၀ မှ  ၃၀၀၀၊ ပဲသီး(စီး) ကျပ် ၂၀၀ မှ ၄၀၀၊ ကန်စွန်းရိုးနီ (စီး) ကျပ် ၂၀၀ မှ ၂၅၀၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၁၀၀ မှ ၂၀၀၊ ဗုံလုံသီး(တောင့်)ကျပ် ၄၀၀ မှ   ၅၀၀၊ သံပုရာသီး(လုံး) ကျပ် ၁၅၀ မှ  ၃၀၀၊ ကင်ပွန်းချဉ်(စီး)ကျပ် ၁၅၀ မှ  ၂၅၀၊ ငရုတ်အာဝါးသီး(တောင့်) ကျပ် ၅၀ မှ ၇၅၊ ကြက်ဟင်းခါးသီး(လုံး)ကျပ် ၂၅၀ မှ ၃၅၀၊ ရှမ်းနံနံ(စီး) ကျပ် ၁၅၀ မှ ၂၅၀၊ ပင်စိမ်း(စီး) ကျပ် ၁၅၀ မှ ၂၀၀၊ ရွှေဖရုံသီး(ကြီး/လတ်/သေး) ကျပ် ၅၀၀ မှ ၁၈၀၀၊ ကျောက်ဖရုံသီး(လုံး) ကျပ် ၈၀၀ မှ ၂၅၀၀၊ ဗူးသီး(လုံး)ကျပ် ၄၀၀ မှ ၁၃၅၀၊ ကြောင်လျှာသီး(တောင့်) ကျပ် ၃၅၀ မှ ၄၀၀၊ ရုံပတီသီး(တောင့်) ကျပ် ၄၀ မှ ၅၀၊ ခရမ်းကျွတ်သီး (လုံး) ကျပ် ၃၀ မှ ၄၀၊ ပဲစောင်းလျားသီး(ပိဿာ) ကျပ် ၁၃၀၀ မှ ၂၀၀၀၊ ရွှေပဲသီး(ပိဿာ) ကျပ် ၁၂၀၀၀ မှ ၁၃၀၀၀၊ ငရုတ်ပွ(ပိဿာ) ကျပ် ၄၀၀၀ မှ ၅၀၀၀၊ မုန်လာဥနီ (ပိဿာ) ကျပ် ၄၀၀၀ မှ ၅၀၀၀၊ ဘိုစားပဲ(ပိဿာ) ကျပ် ၄၀၀၀ မှ ၅၀၀၀၊ ဂေါ်ရခါးညွန့်(စီး) ကျပ် ၅၀၀ မှ ၆၀၀၊ တရုတ်နံနံ (စီး)ကျပ် ၅၀၀ မှ ၆၅၀၊ ဗမာနံနံ(ပိဿာ) ကျပ် ၄၀၀၀ မှ ၅၀၀၀၊ မျှစ်(ပိဿာ) ကျပ် ၂၀၀၀ မှ ၂၈၀၀၊ တရုတ်ကန်စွန်း(စီး) ကျပ် ၂၅၀ မှ ၃၀၀၊ ဆူးပုတ်(စီး) ကျပ် ၂၀၀ မှ ၃၅၀၊ မြင်းခွာရွက် (စီး) ကျပ် ၃၀၀ မှ ၄၅၀၊ ဟင်းနုနွယ်(စီး) ကျပ် ၃၀၀ မှ ၄၅၀၊ ပြောင်းဖူး(ဖူး)ကျပ် ၂၅၀ မှ ၄၀၀၊ မုန့်ညှင်းရွက်(စီး) ကျပ် ၁၅၀ မှ ၂၅၀၊ ဆလပ်ရွက်(စီး) ကျပ် ၁၅၀ မှ ၂၅၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ ရတနာသီရိဈေးအတွင်းသို့ နေ့စဉ်ကုန်အဝင်မှာ ရုံးပတီသီးကုန်ချိန်ပိဿာ (၅၀၀)ကျော်၊ ငရုတ်ပွကုန်ချိန် ပိဿာ (၃၀)ကျော်၊ ခရမ်းသီးကုန်ချိန်ပိဿာ (၅၀၀၀)ကျော်၊ ရွှေဖရုံသီးကုန် ချိန်ပိဿာ (၃၃၀၀) ကျော်၊ နံနံပင်ကုန်ချိန်ပိသာ (၆၀၀)ကျော် အသီးသီးအဝင်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)