Main menu

မြောက်ပိုင်းခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ ခရိုင်ဉီးစီးမှူး၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီအရောင်းဆိုင် များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ အချင်အတွယ်မှန်ကန်စွာရောင်းချပေးရန်၊ ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုလုပ်ရန်နှင့် စက်သုံးဆီများပြတ်လပ်မှုရှိပါက အချိန်နှင့်တပြေးညီသက်ဆိုင်ရာဌာနများကို သတင်းပေးပို့ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)