Main menu

တိုက်ကြီးမြို့နယ်၏ စားသုံးဆီရောင်းချနေမှုအခြေအနေ

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း စားသုံးဆီရောင်းချနေမှုအား အချိန်နှင့်တပြေးညီကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် အတူတကွပူးတွဲဆောင်ရွက်လျက်ရှိရာ တိုက်ကြီးမြို့မဈေးအတွင်း ဈေးပြင်ပစားသုံးဆီရောင်းချနေသော ဆီအမျိုးအစားများအား ကုန်အညွှန်းအမှတ်သားများကိုက်ညီမှုရှိစေရန် အဓိကထား၍ဆောင်ရွက်ပြီး ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပါသည်။ စားသုံးဆီရောင်းချရာတွင် အမေထွားပဲဆီ၊ goody၊ Meizan၊ Lotus ဆီများကိုရောင်းချနေပါသည်။ ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော ပုစွန်တံဆိပ်ပါ ဆီများရောင်းချခြင်းမပြုလုပ်ရန်နှင့် စားအုန်းဆီရောင်းချရာတွင်လည်း ရည်ညွှန်းသတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချသွားရန် မမှန်မကန်ဈေးနှုန်းမြှင့်တင်ရောင်းချပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးကွက်စောင့်ကြည်စစ်ဆေးမှုအရသိရှိရပါသည်။

DOCA(ရန်ကုန်)