Main menu

Me စင်္ကြာမုန့်လုပ်ငန်းအကြောင်း တစ်စေ့တစ်စောင်း

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ အေးမေတ္တာရပ်ကွက်တွင် ပိုင်ရှင်ဖြစ်သူ ဒေါ်တင်ဇာအောင်သည် Me အမှတ်တံဆိပ် စင်္ကြာမုန့်လုပ်ငန်းအား အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ၁၉၉၈ခုနှစ်မှစတင်၍ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ ယခုအခါ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်လက်မှတ်ရရှိကာ စနစ်တကျထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       မုန့်ပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများမှာ ကုလားပဲမှုန့်(၈၀)ပိဿာ၊ ပီလောပီနန်ကော်မှုန့် (၂၀) ပိဿာ၊ သကြား၊ ဆားသမအောင်ရောနှော၍ မုန့်နှစ်ရည်ပြုလုပ်ပြီး စင်္ကြာပုံစံခွက်ဖြင့်နှစ်၍ ဆီတွင်ကြော်ရကြောင်း၊ ၎င်းအချိုးအတိုင်းကြော်ပါက အထုပ်ရေ (၁၀၅၀)ထုပ်ထွက်ရှိပါသည်။ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး နံနက်(၄း၀၀)နာရီမှ ည(၁၉း၀၀)နာရီအချိန်အထိ လုပ်ကိုင်ကြရပြီး အရောင်းသွက်ချိန်တွင် အလုပ်သမားခေါ်ယူအသုံးပြုကြရပါသည်။ မုန့်ထုပ်များအား ပလတ်စတစ်အိတ်၊ ကော်ဘူး(၂)မျိုးထုတ်လုပ်ပြီး ပလတ်စတစ်အိတ်ဖြင့်ထုပ်ပိုးထားသော မုန့်တစ်ထုပ်လျှင် ၁၁၀၀ကျပ်၊ ကော်ဘူးတစ်ဘူးလျှင် (၁၈၅၀)ကျပ်ဖြင့် ဖောက်သည်ပေးရပြီး တစ်ရက်လျှင် ဆီပိဿာချိန် (၅၀)အသုံးပြုနေကြောင်းနှင့် အကျိုးအမြတ်မှာ ၂၅%ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)