Main menu

အရန်ဆန်များ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ထုတ်ပေးနေမှုအခြေအနေ

Powered by Drupal

       အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှဝယ်ယူထားသည့် အရန်ဆန်တန်ချိန် (၂၅၀၀၀)အိတ်နှင့် ငွေကျပ်(၅၀၀၀၀၀)ကို ရခိုင်ပြည်နယ်၊ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးပြီး ကျန်ရှိသည့် (၃၀၈,၄၀၇)အိတ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ နေရပ်စွန့်ခွာသူများကို ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များက ၂၀၂၄ခုနှစ်၊မတ်လ(၁၉)ရက်နေ့မှစ၍ သက်ဆိုင်ရာသိုလှောင်ရုံများမှ ထုတ်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)