Main menu

ဘိလပ်မြေဈေးကွက်အခြေအနေ

Powered by Drupal

     ရန်ကုန်မြို့တွင် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေမှာ ယခုတစ်ပတ် (၁၈-၃-၂၀၂၄) ရက်နေ့မှ (၂၂-၃-၂၀၂၄) ရက်နေ့အထိ ဈေးနှုန်းအနည်းငယ်မြှင့်တက်လာခဲ့ကြောင်းသိရှိရပြီး ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းများအနေဖြင့် ဘတ်ဂျက်ပိတ်ကာလဖြစ်၍ လုပ်ငန်းများအပြီးပြတ်ဆောင်ရွက်နေရပြီး သယ်ယူပို့ဆောင်ခနှုန်းထားများကြောင့်လည်းကောင်း၊ ပြည်တွင်းကုန်ကြမ်းရရှိမှုအခက်အခဲများကြောင့်လည်းကောင်း၊ ပြည်တွင်းစက်ရုံများမှ ကုန်ထုတ်လုပ်မှုလျော့နည်းခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်၌ ကုန်ပစ္စည်းလက်ကျန်နည်း၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း ဘိလပ်မြေအရောင်းဆိုင်များတွင် မေးမြန်းစုံစမ်းမှုအရသိရှိရပါသည်။

      ဈေးကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် Alpha အမျိုးအစား ဘိလပ်မြေမှာ အရည်အသွေးကောင်းမွန်သောကြောင့် သုံးစွဲသူများပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ မတ်လ နောက်ဆုံးပတ်အတွင်း တစ်အိတ်လျှင်  ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ဈေးနှုန်းအထိမြင့်တက်လာခဲ့ပါသည်။ ယခုအခါ Alpha အမျိုးအစားဘိလပ်မြေအပြင် အခြား AAA၊ ကြံ့နှစ်ကောင်၊ အပါချီ၊ Yojin၊ ဆင်မင်း အစရှိသည့် ဘိလပ်မြေအမျိုးအစားများကိုလည်း အသုံးပြုမှုများလာကြကြောင်း၊ ဈေးကွက်အတွင်း စုံစမ်းမေးမြန်းချက်များအရသိရှိရပါသည်။ ယင်းအမျိုးအစားများမှာ အမျိုးအစားပေါ်မူတည်၍ တစ်အိတ်လျှင်  ၁၁၅၀၀ကျပ်မှ ၁၅၅၀၀ကျပ်အထိရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)