Main menu

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများ အနည်းငယ်မြင့်တက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

      မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ မတ်လ(ဒုတိယပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၂၀၀၀-၂၅၀၀) ဖြင့်လည်းကောင်း၊ မတ်လ(တတိယပတ်)တွင် ငွေကျပ်(၁၅၀၀-၂၅၀၀)ဖြင့်လည်းကောင်း၊ မတ်လ (စတုတ္ထပတ်)တွင် ငွေကျပ် (၃၀၀၀-၄၅၀၀)ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ နွေရာသီတွင် ကွမ်း အထွက်နှုန်းတိုးသော်လည်း ရာသီဉတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးကျကာ  ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းသဖြင့်  ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)